Khit Thit Afternoon News | 18 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထိုင်း၊ မလေးရှား၊ စင်ကာပူ ၊ ဂျပန် ၊ တောင်ကိုရီးယား အပါအဝင် ပြည်ပနိုင်ငံတွေအနေနဲ့ မြန်မာ နိုင်ငံသားတွေကို ဗီဇာထုတ် ပေးတာတွေ ၊ ဗီဇာသက်တမ်းတိုးပေးတာတွေ လုပ်ဆောင်မယ်ဆိုရင် မြန်မာသံရုံးတွေရဲ့ ထောက်ခံချက် မဖြစ်မနေ ပါရှိမှသာ လုပ်ဆောင်ပေးကြဖို့ မြန်မာစစ်ကောင်စီက သက်ဆိုင်ရာနိုင်ငံတွေဆီ အကြောင်းကြားစာပေးပို့ထားတယ်လို့ နေပြည်တော် စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် မင်းအောင်လှိုင်က ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ပြီး ပြည်ထဲရေးဝန်ကြီးဟောင်းဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို စစ်တပ်ဘက် ပြန်ပို့လိုက်ပါတယ်။
- မကွေးတိုင်း စစ်ဆင်ရေးနယ်မြေအတွင်း တော်လန်ရေးတပ်တွေဆီမှာ ပစ္စတို ၁၉ လက်နဲ့အတူ ဖမ်းဆီးခံရတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ခမရ ၅၉၉ တပ်ရင်းရဲ့ စစ်သုံ့ပန်း ဗိုလ်ကြီး ပြည့်စုံအောင် က အမြင်မှန်မရဘဲ လုပ်ဆောင်ခဲ့မိတာတွေအတွက် နောင်တရမိတယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
- အမေရိကန်က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အကြီးစားဥပဒေကြမ်းကို လွှတ်တော်က အတည် ပြုပေးလိုက်ပြီး ၊ ရုရှားရေနံဝယ်ယူသူတွေကို အခွန် ၁၀၀ ရာခိုင်နှုန်းအထိ စည်းကြပ် နိုင်တော့ မယ်ဆိုတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description