Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Evening News | 7 October 2026

Video information, playback and saved actions.
Khit Thit Evening News | 7 October 2026

Khit Thit Evening News | 7 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်တပ်က ပြည်ပရောက် NUG ၊ CRPH ဖွဲ့စည်းသူတွေ၊ PDF ထောက်ပို့တွေ ၊ မြန်မာနောင်း၊ Khit Thit Media၊ ဧရာဝတီ၊ မဇ္ဈိမ နဲ့ DVB သတင်းဌာနတွေကို ပုဒ်မများစွာနဲ့ အမှုဖွင့်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့-INTERPOL ကနေတစ်ဆင့် ဖမ်းဆီးခိုင်းပေမယ့် သက်ဆိုင်ရာ နိုင်ငံတွေက ဖမ်းဆီးမပေးဘူးဆိုပြီး စစ်တပ် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောလာပါတယ်။

- ရန်ကုန်မြို့က လှိုင်သာယာမြို့နယ်မှာ နေ့ခင်းအချိန်ကြီးမှာတင် ပွဲရုံပိုင်ရှင်ရဲ့ ယာဉ်မောင်းကို သတ်ဖြတ်ပြီး သိန်း ၈၀၀ လုယက်သွားတဲ့ အသက် ၂၃ နှစ်အရွယ် တရားခံ လျှမ်းထက်အောင် ဆိုသူကို ဖမ်းဆီးရမိထားပြီး ၊ သူဟာ လမ်းကြုံလို့ သတ်ဖြတ် လုယက်ခဲ့တာဖြစ်တယ်လို့လည်း ထွက်ဆိုထား တယ်လို့ ရဲသတင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။

-ပဲခူးတိုင်း ၊ ပေါက်ခေါင်း-အုတ်တွင်း လမ်းပိုင်းမှာ လေပြင်းတိုက်ခိုက်မှုကြောင့် ကင်းပုန်းဝပ်နေတဲ့ စစ်သားတချို့အပေါ်ကို သစ်ပင်လဲကျပြီး ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး သေသွားတဲ့ စစ်သား အလောင်းတွေကို ကရိန်းကားအသုံးပြုပြီးမှ သစ်ပင်အောက်ကနေ ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရတယ်လို့ မျက်မြင်တွေ့ခဲ့သူ ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။

- အရှေ့အလယ်ပိုင်းက ယီမင်နိုင်ငံမှာ ဆော်ဒီအာရေဗျ ကျောထောက်နောက်ခံပြု ယီမင်အစိုးရတပ်ဖွဲ့ တွေနဲ့ အီရန်ကျော ထောက်နောက်ခံပြု ဟူသီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာနေပြီး ယီမင်အစိုးရ တပ်ဖွဲ့တွေက တိုက်ဇ်ပြည်နယ်အတွင်း မဟာဗျူဟာအရ အရေးပါတဲ့ တောင်တန်းဒေသ တွေကို ထိန်းချုပ်နိုင်ပြီလို့ ပြောလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Evening News | 7 October 2026"
Related videos are temporarily unavailable.