Khit Thit Evening News | 29 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုင်း၊ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ တောင်ပြိုမှုတွေ ဖြစ်ပွားတဲ့အထဲ သဘာ၀ဘေးကြောင့် သေဆုံးသူနဲ့ ပျောက်ဆုံးနေတဲ့ ပြည်သူ အယောက် ၆၀ ထက်မနည်းရှိ လာပြီး ကယ်ဆယ်ရေးအကူအညီတွေ အရေးပေါ်လိုအပ်နေချိန်မှာ စစ်တပ်က ကျေးရွာတွေဘက် စစ်ကြောင်းထိုးတာတွေ လာလုပ်နေပြန်တဲ့အတွက် ရေဘေးသင့် ပြည်သူတွေ ထပ်မံတိမ်းရှောင်နေရပြန်တယ်လို့ ဒေသခံတွေကပြော ရန်ကုန်ခေတ်သစ်ကို ပြောလာ ကြပါတယ်။
- အကြမ်းဖက် စစ်တပ်ပိုင် မြန်မာဘီယာနဲ့ ဒဂုံဘီယာတို့ကို ပေးအပ်ချီးမြှင့်ထားတဲ့ အရည်အသွေး ဆုတွေကို Monde Selection က ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ Info Birmanie နဲ့ Justice For Myanmar တို့က သတင်းထုတ်ပြန်လာပါတယ်။
- ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စက်တင်ဘာလ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၄၉ ဦး သေဆုံးပြီး ၆၀ ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ကို အာဆီယံလွှ တ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က ပြင်းထန်စွာ ရှုတ်ချပြီး စစ်အုပ်စုကို တာဝန်ခံမှုရှိအောင် လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။
- အီရန်အဓိပတိ ခေါင်းဆောင် အယာတိုလာ မိုဂျ်တာဘာ ခါမေနီ က အမေရိကန်တပ်ဖွဲ့တွေ မကြာခင် ပြန်လည်ဆုတ်ခွာရမယ်လို့ ပြောလာပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description