khit Thit Afternoon News | 22 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံတစ်ဝန်း ကျေးရွာနဲ့ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေအားလုံးမှာ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံတွေကို ချိတ်ဆွဲကြဖို့ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြီး ဓာတ်ပုံချိတ်ဆွဲရာမှာ ရွှေရောင်ဘောင်ကို အသုံးပြုရမယ်လို့ ညွှန်ကြားလာတယ်လို့ ပြည်ထဲရေးသတင်းရင်းမြစ်က ပြောဆိုပါတယ်။
- စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှု ကင်းမဲ့လာတာနဲ့အမျှ ရန်ကုန်မြို့မှာ နေထိုင်ကြတဲ့ လူငယ်အများစုဟာ နေ့စဉ်ဘဝ သွားလာလှုပ်ရှားရာမှာ လုံခြုံမှုမရှိတော့ပဲ စိုးရိမ်သောကတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ (PACE-Myanmar) ရဲ့ ရန်ကုန်လူငယ်စစ်တမ်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
- မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ခြေပြတ်၊ လက်ပြတ်ဒဏ်ရာတွေ ရရှိထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ပေါက်မြို့နယ်နဲ့ လောင်းရှည်မြို့ကို အသီးသီး ပြန်လည်ပို့ ဆောင်နေတယ်လို့ ယောဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) အနေနဲ့ ရေရှည်စစ်ပွဲ ဖြစ်လာရင် ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားပြီး အခုဆိုရင် အရင်ကထက်တောင် ပိုမိုအသင့်ရှိနေပြီလို့ IRGC ပြောရေးဆိုခွင့်ရှိ သူပြောဆိုတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description