Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 11 September 2026

Video information, playback and saved actions.
Khit Thit Morning News | 11 September 2026

Khit Thit Morning News | 11 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို စစ်ကြောင်းအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ “ရန်နိုင်အောင်” စစ်ဆင်ရေးဟာ ရက်ပိုင်းအတွင်း အထိနာပြီး ဆက်လက်ထိုးစစ်ဆင်နိုင်ခြင်းမရှိတော့ဘဲ ရပ်တန့်နေတယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

- မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီး လေယာဉ် ၂ စီး ပျက်စီးကာ စစ်သားတွေလည်း ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနကို ပြောပါတယ်။

- မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်း ရခိုင်ရိုးမတောင်ခြေကို ရောက်ရှိနေတဲ့ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၃ ရက်ကနေ ၄ ရက်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော်တို့အပါအဝင် စစ်သားတွေ အများအပြား သေဆုံးခဲ့တယ်လို့ မင်းတုန်းမြို့နယ် တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

- အီရန်နိုင်ငံ အမြင့်ဆုံးခေါင်းဆောင်ရဲ့ ထိပ်တန်းစစ်ရေးအကြံပေး ဗိုလ်ချုပ်ကြီး ယာဟျာ ရာဟင် ဆာဖာဗီက အမေရိကန်ရဲ့ စစ်ရေးလိုလားမှုကြောင့် ကမ္ဘာ့အာဏာနဲ့ စီးပွားရေးအင်အားရဲ့ အလေးချိန်ဟာ အရှေ့ဘက်ကို ရွှေ့ပြောင်းသွားခဲ့တယ်လို့ ပြောလာပြန်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Morning News | 11 September 2026"
Related videos are temporarily unavailable.