Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 13 September 2026

Video information, playback and saved actions.
Khit Thit Morning News | 13 September 2026

Khit Thit Morning News | 13 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ပြည်တွင်းမှာ PV နိုင်ငံကူးလက်မှတ်တွေကို သက်တမ်းတိုးမယ်ဆိုရင် နိုင်ငံခြားမှာ ၆ လအထက် နေထိုင်သူတွေကို အလုပ်လုပ်သူအဖြစ် သတ်မှတ်ပြီး အခွန်ဆောင်ခိုင်းနေတဲ့အတွက် သက်တမ်းတိုး လုပ်ငန်းစဉ်တွေ ခက်ခဲလာနေတယ်လို့ သက်တမ်းတိုးသူတွေနဲ့ ဝန်ဆောင်မှုပေးသူတွေတွေက ပြောလာပါတယ်။

- ကျားဖြန့်လုပ်ငန်းတွေ ကြီးစိုးထွန်းကားရာ မြန်မာနိုင်ငံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်တို့ စက်တင်ဘာလ ၁၁ ရက်နေ့က ဖနွမ်းပင်မြို့မှာ တွေ့ဆုံခဲ့ ပြီးနောက် ဒီတွေ့ဆုံမှုနဲ့ ကျားဖြန့်လုပ်ငန်းတွေအပေါ် ထိုင်းနိုင်ငံအနေနဲ့ ဘယ်လိုရပ်တည် မလဲလို့ ထိုင်းအမတ်ဟောင်း ကန်နဝီ က မေးခွန်းထုတ်လိုက်ပါတယ်။

- ကချင်ပြည်နယ် ၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာဘက် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုတွေအတွင်း စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုတွေများထားတဲ့အပြင် ၊ စစ်သားအလောင်းတွေ ၊ စစ်သုံပန်းတွေ နဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။

- BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ရုရှား သမ္မတ ပူတင်နဲ့ အီရန်သမ္မတတို့ကို သီးခြားတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြလာတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Morning News | 13 September 2026"
Related videos are temporarily unavailable.