Khit Thit Morning News | 9 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အရာရှိတွေကို အာဂျင်တီးနားတရားရုံးက ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်း ၂၅ ခုကို နိုင်ငံတကာအသိုက်အဝန်းက လက်တွေ့အကောင်အထည်ဖော်ပြီး ဖမ်းဆီးအရေးယူပေးဖို့ Burmese Rohingya Organisation UK (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က ကုလသမဂ္ဂအစည်းအဝေးမှာတင်ပြ တောင်းဆိုလိုက်ပါတယ်။
-မလေးရှားနိုင်ငံမှာ UNHCR ကတ် ကိုင်ဆောင်ထားတဲ့ မြန်မာဒုက္ခသည်တွေအနေနဲ့ တရားဝင် အလုပ်လုပ်ခွင့်ပါမစ် ဒါမှမဟုတ် အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်မယ်ဆိုရင် လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက သတိပေးလိုက်ပါတယ်။
-ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့ BNP ပါတီဥက္ကဋ္ဌ တာရိခ် ရာမန်ဟာ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါနဲ့ စက်တင်ဘာ ၅ ရက်က ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံပြီး ရိုဟင်ဂျာအရေးနဲ့ မြန်မာနိုင်ငံအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က လာတဲ့ သတင်းတွေအရ သိရပါတယ်။
-အမေရိကန်နှင့် အီရန်တို့အကြား စစ်ပွဲဖြစ်ပွားနေသည်မှာ ၆ လခန့်ကြာမြင့်လာပြီး နှစ်ဖက်အကြား စစ်ရေးအခြေအနေမှာ အဆုံးအဖြတ်မပေါ်ဘဲ အတင်းအကျပ် အခြေအနေတစ်ခုတွင် ရပ်တန့်နေချိန် အီရန်သမ္မတ မက်ဆွတ် ပီဇက်ရှ်ကီယန် က “ကျူးကျော်သူများ” ကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description