Khit Thit Evening News | 2 October 2026
Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်က ပီနံအိတ်စက်ရုံမှာ ကုန်ကြမ်း ရရှိမှု အခက်အခဲကြောင့် စက်ရုံကိုပိတ်လိုက်ရပြီး ၊ အလုပ်သမားတွေလည်း ဥပဒေအရ လျော်ကြေးမရပဲ နစ်နာရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံစက်မှု၊ လက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှုး ဦးသက်နှင်းအောင်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။
- မလေးရှားအစိုးရက မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို နေရပ်ပြန်ပို့နေမှုတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်ကပါ တောင်းဆိုလာပြီး ၊ မလေးရှားအစိုးရအနေနဲ့ နိုင်ငံတကာဥပဒေကို လိုက်နာရမယ်လို့လည်း ပြောလိုက်ပါတယ်။
- ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အရပ်သားတွေနေထိုင်ရာ အောင်ဖြူပြင် ကျေးရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် လေယာဉ်နဲ့လာပြီး ဗုံးကျဲသွားရာမှာ ပြည်သူတချို့ ဒဏ်ရာရထားပြီး နေအိမ်တွေလည်းပျက်ဆီးထားတယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။
အမေရိကန်က အီရန်ရဲ့ မော်တော်ယာဉ်နဲ့ မီးရထားလုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေ ထပ်မံ ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description