Skip to content
Y
yTube.SITE v7.3.4
media / worlds / tools / internet oddities
YouTube / video information

Khit Thit Afternoon News | 5 September 2026

Video information, playback and saved actions.
Khit Thit Afternoon News | 5 September 2026

Khit Thit Afternoon News | 5 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးရဲ့သားဖြစ်သူ ကျော်ဇေနိုင်နဲ့ စီးပွားရေး လုပ်ငန်းရှင် မြင့်သန်းတို့ ပူးတွဲဝယ်ယူထားတယ်လို့ဆိုတဲ့ မြေကွက်ကို ကမ္ဘောဇဘဏ် (KBZ Bank) က ၎င်းတို့ပိုင်ဆိုင်တဲ့မြေဖြစ်တယ်လို့ဆိုကာ လူအုပ်စုနဲ့ ဝင်ရောက်သိမ်းယူခဲ့ပြီး မြေကွက်ကနေ ထွက်ခွာပေးဖို့ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးရဲ့သား ကျော်ဇေနိုင်ကို ခြိမ်းခြောက်မှု ဖြစ်ပွားတယ်လို့ သိရပါတယ်။

- ကရင်ပြည်နယ် စစ်မျက်နှာမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်းတွေထဲက ၇ ဦးက KNLA တပ်ဖွဲ့အတွင်း ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ကာ စစ်ကောင်စီတပ်ကို တန်ပြန်တိုက်ခိုက်လိုတယ်လို့ အဆိုပြုခဲ့ကြတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- စစ်ကိုင်းမြို့နယ်မှာ တပ်မ ၃၃ က မုံရွာ နမခကို သွားရောက်တဲ့ စစ်ယာဉ်တန်းအား လုံခြုံရေးယူပေးရင်း ပြည်သူတွေထံက ဆက်ကြေးကောက်ခံနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး သေဆုံးသွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က သတင်း ထုတ်ပြန်ထားပါတယ်။

- အီရန်စစ်တပ်ဘက်ကတော့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဒီစစ်ပွဲမှာ သူတို့လိုချင်တဲ့ အဓိကရည်မှန်းချက်တွေကို မအောင်မြင်ခဲ့ဘူးလို့ ပြောတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Afternoon News | 5 September 2026"
Related videos are temporarily unavailable.