Khit Thit Afternoon News | 13 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်း
အစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်က လူငယ်တွေကို အတင်းအကျပ် ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် ဆွဲသွင်းနေ တာကို တိုက်ဖျက်ရေးအတွက် လူငယ်တွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေကို လာရောက်ဖို့ ဖိတ်ခေါ် ထားပြီး ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်စောင့်ရှောက်ရေး၊ ပြည်ပထွက်ခွာရေး၊ လူထုဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နိုင်ဖို့ စီစဉ်ပေးမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
-စစ်မှုထမ်းအစားလိုက်သူနည်းပါးလာတဲ့ မန္တလေးမှာ ရပ်ကွက်အလိုက် စစ်မှုထမ်းဆင့်ခေါ် မဲနှိုက်ပွဲတွေ အရှိန်မြှင့်ပြန်လုပ်လာသလို ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုဆိုးလာတယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
- ကုလသမဂ္ဂ (UN) မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းက ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ယူကေရောက် မြန်မာတိုင်းရင်းသား မိသားစုတွေဟာ စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက လန်ဒန်မြို့ရှိ ဗြိတိန်ပါလီမန် အဆောက်အအုံရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
- အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ မကြာခင် အဆုံးသတ်နိုင်တယ်လို့ ပြောလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
Sent Close description