Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Evening News | 4 October 2026

Video information, playback and saved actions.
Khit Thit Evening News | 4 October 2026

Khit Thit Evening News | 4 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ခင်ရီဦးဆောင်တဲ့ ကြံ့ဖွတ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပါတီတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံကို ပုံမှန် အစီရင်ခံတင်ပြဖို့ သဘောတူညီ ထားပြီး တွဲဖက် အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်စိုးက အစီရင်ခံမှုကို ပုံမှန်လုပ်ဆောင်မယ်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုပါတယ်။

- မြန်မာစစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အနေနဲ့ အရှေ့တောင်အာရှ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများဖိုရမ် (SEANF) မှာ အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေဖို့ အရည်အချင်းပြည့်မီခြင်း ရှိ၊ မရှိကို SEANF အုပ်ချုပ်ရေးဘုတ်အဖွဲ့က တရားဝင်ပြန်လည်သုံးသပ်မှု စတင်နေပြီလို့ သိရပါတယ်။

- ရန်ကုန်မှာ The Central နဲ့ The Park အိမ်ရာစီမံကိန်းက ကွန်ဒိုတိုက်ခန်းတွေကို သိန်းသောင်းချီနဲ့ ကြိုပွိုင့်ရောင်းချထားတဲ့ Marga Landmark ကုမ္ပဏီကို ဆက်သွယ်လို့ မရတော့ဘဲ ကြိုပွိုင့်အခန်းတွေ အတွက် ပေးသွင်းထားတဲ့ ငွေကြေးတွေ ဆုံးရှုံးသွားတော့မယ့် အခြေအနေအဖြစ် စိုးရိမ်ပူပန်နေရပြီဖြစ် တယ်လို့ အခန်းဝယ်ထားသူတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုပါတယ်။

- အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဘက်က နောက်ဆုံးတင်ပြလာတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ဟာ လုံလောက်မှုမရှိသေးဘူးလို့ ပြောပြီး နိုဝင်ဘာ ၃ ရက် အမေရိကန် လွှတ်တော်ကြား ဖြတ်ရွေးကောက်ပွဲပြီးရင် အီရန်ကို ဗုံးကျဲတိုက်ခိုက်မှုတွေ ပြန်လည်တိုးမြှင့်လုပ်ဆောင်နိုင်ခြေကိုလည်း ပယ်ချမထားဘူးဆိုတဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Evening News | 4 October 2026"