Khit Thit Evening News | 8 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
NLD အစိုးရလက်ထက်က ကာ/လုံမခေါ်ဘဲ နိုင်ငံတော်ကို တစ်ဦးတည်း ဆုံးဖြတ် အုပ်ချုပ်နေမှုဟာ အန္တရာယ်ကြီးတယ်ဆိုပြီး ပြောဆိုခဲ့တဲ့ မင်းအောင်လှိုင်က သူကိုယ်တိုင် သမ္မတရာထူး အတင်းအကျပ် လုယူပြီးနောက် ၅ လအတွင်း ကာ/လုံအစည်းအဝေး ထပ်မံ ခေါ်ယူဖို့ လေသံတောင် မဟတော့ဘူးလို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။
- ကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီရဲ့ တနင်္သာရီတိုင်း လွှတ်တော်အမတ် ၂ ဦးကို စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အမတ်ရာထူးကနေ ဖယ်ရှားလိုက်ပြီး ကြံ့ဖွတ်ပါတီ အမတ် ၂ ဦးနဲ့ အစားထိုးလိုက်တယ်လို့ စစ်တပ်လက်အောက်ခံ ရွေကောက်ပွဲကော်မရှင်က ကြေညာလာပါတယ်။
-နေပြည်တော်က ကားအငှား ဝန်ဆောင်မှုပေးတဲ့ ကိုဝင်းကို ဆိုသူကို ပစ်သတ်သွားသူဟာ စစ်တပ်ရဲ့ နေပြည်တော်လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က ဒုရဲအုပ် ရဲရင့်အောင်ဖြစ်နေပြီး ခြောက်လုံးပြူး သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။
- အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက အီရန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို ဘေးဖယ်ထားပြီး စီးပွားရေးဖိအား၊ ပိတ်ဆို့အရေးယူမှုနဲ့ ပင်လယ်ရေကြောင်းပိတ်ဆို့မှုတွေကို တိုးမြှင့်လုပ်ဆောင်လာ တာကြောင့် အီရန်ဘက်ကလည်း စစ်ရေးအရ တုံ့ပြန်ဖို့ အကြီးအကျယ် ပြင်ဆင်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description