Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Afternoon News | 9 September 2026

Video information, playback and saved actions.
Khit Thit Afternoon News | 9 September 2026

Khit Thit Afternoon News | 9 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ဦးစီးလုပ်ကိုင်နေတဲ့ ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း ကျရောက်နေတဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ စာသင်တိုက်နဲ့ အခြားသာသနိကအဆောက်အအုံ တွေကို စက်တင်ဘာလအတွင်း အပြီးဖယ်ရှားပေးဖို့ စစ်တပ်က အမိန့်ပေးနေတယ်လို့ ပြင်ဦးလွင်မြို့က စာသင်တိုက်ကျောင်းထိုင်ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

- ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များပြားကာ စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတယ်လို့ နဂါးနက်စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်တတ်တူးရဲ့ ပြောကြားချက်အရ သိရပါတယ်။

- ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေမှာ အသက် ၁၇ နှစ်အရွယ် မောင်စောတင်မိုးကို ပျူစောထီးတွေက ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ်အဖြစ် ရောင်းစားခဲ့တယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- အီရန်နဲ့ စစ်ပွဲအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး ရေနံဈေးတွေ ဆက်တက်လာတာကြောင့် အမေရိကန်စတော့ဈေးကွက်ဟာ သုံးရက်ကြာပိတ်ရက်ပြီးနောက် အင်္ဂါနေ့မှာ ပြန်ဖွင့်တဲ့အချိန် ကျဆင်းနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Afternoon News | 9 September 2026"
Related videos are temporarily unavailable.