Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Evening News | 9 October 2026

Video information, playback and saved actions.
Khit Thit Evening News | 9 October 2026

Khit Thit Evening News | 9 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အမေရိကန်က မြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်ဆံရေးဖွင့်လှစ်ဖို့ ကြိုးစားမှုဟာ ဆိုးရွားတဲ့ မူဝါဒအမှားဖြစ်ပြီး မြန်မာ့ မြေရှားသတ္တုရရှိရေး ရည်မှန်းချက်ဟာလည်း အောင်မြင်နိုင်ခြေမရှိဘူးလို့ အမေရိကန်အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီ (CFR) ရဲ့ အကြီးတန်းသုတေသီ ကာလန်ဇစ်က သုံးသပ်ထားပါတယ်။

- နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ညီလာခံကို SCEF ကိုယ်စား NUG နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် အပါအဝင် တော်လှန်ရေးတပ်ခေါင်းဆောင် တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

- မြန်မာနိုင်ငံမှာ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ ထပ်မံမြင့်တက်လာပြီး ရန်ကုန်မြို့မှာတင် ဒီဇယ်တစ်လီတာ ၅,၀၀၀ ကျပ်အထိ ရောက်ရှိလာပြီး ၊ အဲ့ဒီလို စက်သုံဆီဈေးနှုန်းမြင့်တက်မှုကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးပိုင်းတွေမှာပါ ဖိအားတွေတိုးလာပြီး ကုန်ဈေးနှုန်းတွေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာနေတယ်လို့ ပြည်တွင်းစီးပွားရေးအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- အမေရိကန်စစ်တပ်က ဖို့တ်ဟုဒ် သေနတ်သမားကို ကွပ်မျက်မှုကို တိုက်ရိုက်ထုတ်လွှင့်မယ်လို့ အမေရိကန် ပင်တဂွန် အရာရှိက ပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Evening News | 9 October 2026"
Related videos are temporarily unavailable.