Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Evening News | 1 October 2026

Video information, playback and saved actions.
Khit Thit Evening News | 1 October 2026

Khit Thit Evening News | 1 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- အကြမ်းဖက် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အဆုံးအထိ လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူးလို့ SCEF က နိုင်ငံတကာကို အသိပေးပြောဆိုလာတဲ့အကြောင်း ဂျပန်နိုင်ငံထုတ် Yomiuri Shimbun သတင်းစာက ဖော်ပြလာပါတယ်။

-ရန်ကုန်မှာ အထက်တန်းစားကွန်ဒိုစီမံကိန်းတွေအဖြစ် ရောင်းချနေတဲ့ The Central၊ Emerald Bay Tower 3 နဲ့ The Park တို့ဟာ ဝယ်ယူသူတွေဆီက ကြိုပွိုင့်စနစ်နဲ့ ငွေကြေးအများအပြား ကောက်ခံ ထားပေမယ့် စာချုပ်ပါသတ်မှတ်ကာလအတွင်း အခန်းတွေ အပ်နှံနိုင်ခြင်းမရှိသေးသလို ဆောက်လုပ် ရေးလုပ်ငန်းတွေလည်း သိသိသာသာ တိုးတက်မှုမရှိတာကြောင့် ဝယ်ယူသူတွေနဲ့ ကုမ္ပဏီတွေကြား ပြဿနာတွေ အကြီးအကျယ် ဖြစ်နေတယ်လို့ ဝယ်ယူသူတွေက ရန်ကုန်ခေတ်သစ်ကို ပြောလာကြပါတယ်။

- ဆိုမာလီယာ ကမ်းလွန်မှာ မြန်မာသင်္ဘောသားတစ်ဦး အပါအဝင် သင်္ဘောသား ၅ ဦးကို ဆိုမာလီယာပင်လယ်ဓားပြတွေက သတ်ဖြတ်လိုက်ကြတယ်လို့ ဆိုမာလီယာအာဏာပိုင်တွေကိုယ်တိုင် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

- အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် အီရန်မှာ ဆေးဝါးဈေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး ဆေးဝါးရှာဖွေရခက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Evening News | 1 October 2026"
Related videos are temporarily unavailable.