Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

khit Thit Evening News | 25 September 2026

Video information, playback and saved actions.
khit Thit Evening News | 25 September 2026

khit Thit Evening News | 25 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- အကြမ်းဖက် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အလွန်သက်ညှာပေးထားတယ်လို့ ပြောပေမယ့် လွှတ်ပေးရေးကိုတော့ တိကျတဲ့ ကတိပြုချက်တစ်စုံတစ်ရာ မပေးခဲ့ဘူးလို့ The Independent အပါအဝင် ကမ္ဘာ့သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

- မြန်နိုင်ငံအတွင်း စက်သုံးဆီတင်သွင်းမှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်တဲ့အတွက် ပြည်တွင်းမှာ ဓာတ်ဆီနဲ့ဒီဇယ်ဆီဈေးတွေဟာ တစ်ခဏအတွင်းမှာပဲ စံချိန်တင်ထိုးတက်လာတယ်လို့ ပြည်တွင်းစက်သုံးဆီ လုပ်ငန်းရှင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။

- ရန်ကုန်ကနေ မုံရွာကို ပြေးဆွဲနေတဲ့ ဂျိမ်းဖောသူ ခရီးသည်တင်ကားပေါ်မှာပါလာရာ လူငယ် ၁၅ ဦးကို စစ်တပ်က စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးလိုက်ကြပြန်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်နဲ့ ဖမ်းဆီးခံလူငယ်တွေရဲ့ နီးစပ်သူတွေက ပြောလာပါတယ်။

- တရုတ်သမ္မတ ရှီကျင့်ဖျင် အမေရိကန်ကို လာရောက်တဲ့အချိန် တိဘက်၊ ရှင်ကျန်း၊ ထိုင်ဝမ်၊ ဟောင်ကောင်အရေးဆန္ဒပြသူတွေနဲ့အတူ မြန်မာနိုင်ငံသားတွေကလည်း မြန်မာ့အရေး တရုတ်စွက် ဖက်မှုကို ချီတက်ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

- အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ စက်တင်ဘာလ ၂၄ ရက်နေ့မှာပဲ ဝါရှင်တန်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံကြား အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပေမယ့် အဓိက သဘောတူညီချက် ရရှိနိုင်မယ့် မျှော်လင့်ချက်တော့ နည်းနေသေးတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "khit Thit Evening News | 25 September 2026"
Related videos are temporarily unavailable.