khit Thit Evening News | 27 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့နယ်တွေ အပြင် ရခိုင်ပြည်နဲ့ ဆက်စပ် နေ တဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးအစပ်တွေ၊ ချင်းပြည်နယ် ပလက်ဝဒေသနဲ့ ရခိုင်ရိုးမ တစ်လျှောက် မှာ မိုးကုန်ဆောင်းကူးကာလအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း အာရက္ခ တပ်တော် (AA) ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာညိုထွန်းအောင်က သတိပေးပြောဆိုလိုက်ပါတယ်။
- မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ ကို “မိမိဆန္ဒအလျောက်” နေရပ်ပြန်ပို့ဖို့ စီစဉ်နေပြီး ပထမအသုတ်အဖြစ် ၁,၅၀၀ နီးပါးကို လာမယ့်သီတင်းပတ်အတွင်း ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
- မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်မှာ စစ်အုပ်စုနဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းထောင် အတွင်းစစ်မှုထမ်းဖို့ ဖိအားပေး စည်းရုံးတာ၊ သီးခြားခွဲထုတ်တာနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) က ခြိမ်းခြောက်ဖိနှိပ်တာတွေ စနစ်တကျ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ မရောင်နီလင်းက ရန်ကုန်ခေတ်သစ်ကို ပြောဆိုပါတယ်။
- ကမ္ဘာတစ်ဝန်း ရေနံထောက်ပံ့မှုတွေ လျော့ကျလာပြီး ရေနံဈေးတွေ မြင့်တက်လာနေချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ် တရုတ်နိုင်ငံအနေနဲ့ ရေနံထုတ်လုပ်မှု တိုးမြှင့်ပေးဖို့ တိုက်တွန်းခဲ့တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description