khit Thit Morning News | 28 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြည်သူ့ဆန္ဒကို အခြေခံတဲ့ ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ လူမျိုးနဲ့ ဒေသအသီးသီးရဲ့ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို အာမခံပေးနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်ကြိုးပမ်း သွားမယ်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
- ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေက ရပ်ကွက်တစ်ခုလျှင် စစ်မှုထမ်းလူငယ် ၈ ဦး ပေးဖို့ ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေက ညွှန်ကြားချက်တွေ ထုတ်ပြန်လာတယ်လို့ မြို့နယ်စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့ သတင်းရင်းမြစ်က ပြောဆိုပါတယ်။
- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ရေကြီးမြေပြိုကျမှုကြောင့် ပြည်သူ ၃၀ နီးပါး ပျောက်ဆုံးနေပြီး သေဆုံးသူတွေ ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ဆော်ဒီအာရေဗျနိုင်ငံက အရှေ့အလယ်ပိုင်းဒေသမှာ အရေးကြီးတဲ့ ရေကြောင်းလမ်းကြောင်းတွေကို ပိတ်ဆို့တာဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် နိုင်ငံတကာအသိုင်း အဝိုင်းအနေနဲ့ ရေကြောင်းသွားလာခွင့် လွတ်လပ်ရေးကို ပိုမိုကာကွယ်ပေးဖို့ လိုအပ်တယ်လို့ စနေနေ့မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို သတိပေးလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description