Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Evening News | 12 September 2026

Video information, playback and saved actions.
Khit Thit Evening News | 12 September 2026

Khit Thit Evening News | 12 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မြန်မာပြည်သူတွေကို ဗုံးကျဲသတ်ဖြတ်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်က ထိုင်း-ကမ္ဘောဒီး ယား နယ်စပ်အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့သွားပြောပြီး အဲ့ဒီကိစ္စမှာ ကမ္ဘောဒီးယားကို အပြည့်အဝ ထောက်ခံတယ်ဆိုပြီးတော့လည်း ပြောဆိုသွားတယ်လို့ ကမ္ဘောဒီးယား အထက်လွှတ်တော် ပြောရေး ဆိုခွင့်ရှိသူက ပြောလာပါတယ်။

- မန္တလေးတိုင်း က အကြမ်းဖက် စစ်တပ်ရဲ့ တံတားဦးလေတပ်စခန်းကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့ အထူးစစ်ဆင်ရေးမှာ အမျိုးသမီးတော်လှန်ရေးရဲဘော်တွေကပါ ဒရုန်းတွေ တပ်ဆင်မောင်းနှင် ပါဝင်တိုက်ခိုက်နေပုံတွေကို ဗီဒီယိုနဲ့တကွ ထုတ်ပြန်လာပါတယ်။

- မန္တလေးတိုင်းက တံတားဦးမြို့နယ် တိုက်ပွဲမှာ သေသွားတဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်က ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးလှိုင်ဦး ဆိုသူဟာ ပြည်နယ်ရဲတပ်မှူးဟောင်း ရဲမှူးကြီးကံလှိုင် ဆိုသူရဲ့ သားဖြစ်ပြီး ဖခင်ဖြစ်သူဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထောင်ချနှိပ်စက်ခဲ့တဲ့ ရဲအရာရှိဖြစ် တယ်လို့ ရဲတပ်ဖွဲ့ဆိုင်ရာ မှတ်တမ်းတွေနဲ့ စစ်ရေးသတင်းရင်းမြစ်ရဲ့ပြောဆိုချက်အရ သိရပါတယ်။

- အီရန်ကို နျူကလီးယားလက်နက် မရအောင် အမေရိကန်က တားဆီးနေတယ်လို့ 9/11 ၂၅ နှစ်ပြည့်အခမ်းအနားမှာ အမေရိကန်သမ္မတထရမ့်က ထပ်မံပြောဆိုပြီး ၊ အီရန်စစ်ပွဲနဲ့ပက်သက်တဲ့ မူဝါဒကို ကာကွယ်ပြောဆိုသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Evening News | 12 September 2026"
Related videos are temporarily unavailable.