Khit Thit Evening News | 11 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်ရဲ့ တံတားဦးလေတပ်ကို တော်လှန်ရေးတပ်တွေက FPV ဒရုန်းတွေနဲ့ အနီးကပ် တိုက်ခိုက်မှုတွေအတွင်း လေတပ်ထဲက စစ်သားအုပ်စုကိုပါ FPV ဒရုန်းနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့ ဗီဒီယို ထွက်ပေါ်လာပြီး စစ်သားတွေ ထွက်ပြေးနေတာကိုပါ မြင်တွေ့ရပါတယ်။
- မန္တလေးတိုင်းက အကြမ်းဖက် စစ်တပ်ရဲ့ တံတားဦးလေတပ်စခန်းက တိုက်လေယာဉ်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုအတွက် လေတပ်တာဝန်ရှိသူတချို့ စစ်ဆေးခံနေရပြီး လေတပ်စခန်းအတွင်းက အရာရှိနှင့်စစ်သည်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကိုင်ဆောင်ရာ မိုဘိုင်းလ်ဖုန်းတွေပါ သိမ်းဆည်းခံ ထားရတယ်လို့ စစ်တပ်သတင်းရင်းမြစ်က ပြောလာပါတယ်။
- ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်တပ်က ရေယာဉ် ၁၅ စီးပါ သင်္ဘောအုပ်စု စေလွှတ်ပြီး ရိက္ခာနှင့်လက်နက်ခဲယမ်းတွေ တင်ပို့ဖို့ ကြိုးစားခဲ့ပေမယ့် KIA ပူးပေါင်းတပ်တွေရဲ့ ဟန့်တား တိုက်ခိုက်မှုကြောင့် စစ်တပ်ရဲ့ ပစ္စည်းတင်သင်္ဘော ၁ စီးသာ ဗန်းမော်မြို့ကို ရောက်ရှိခဲ့တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်ကိုပြောလာပါတယ်။
- အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမယ့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီက အနိုင်ရရင် အရွယ်ရောက်သူတိုင်းကို ဒေါ်လာ ၅,၀၀၀ စီပေးမယ်လို့ ပြောလာတဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description