Skip to content
Y
yTube.SITE v7.3.4
media / worlds / tools / internet oddities
YouTube / video information

Khit Thit Evening News | 7 September 2026

Video information, playback and saved actions.
Khit Thit Evening News | 7 September 2026

Khit Thit Evening News | 7 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီးထားတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မိသားစုတွေ့ဆုံခွင့်ရရှိရေး အတွက် “FREE HER” လှုပ်ရှားမှု စတင်လိုက်ကြောင်း သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က ကြေညာလာပါတယ်။

-ရန်ကုန်-မန္တလေးအမြန်လမ်းမှာ နေပြည်တော်က ကားအငှား ဝန်ဆောင်မှုပေးတဲ့ ကိုဝင်းကို ဆိုသူ အသတ်ခံရပြီး ကားပါ လုယူခံရသလို ၊ အလောင်းကို အမြန်လမ်းဘေးမှာတင် ပစ်ခဲ့ပြီး သတ်ဖြတ်သွားသူဟာလည်း မည်သူမည်ဝါမှန်းမသိရသေးဘူးလို့ ရဲသတင်းရင်းမြစ်ဆီက သိရပါတယ်

- ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်မှာ လူမိုက်မဲကြီးနဲ့ အဖွဲ့က ရဲတွေနဲ့ ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးငွေညှစ်တာတွေ ၊ စစ်မှုထမ်း လူအစား ရောင်းစားတာတွေ လုပ်နေတယ်လို့ ဒေဿခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။

- အရှေ့အလယ်ပိုင်းစစ်ပွဲမှာ အမေရိကန်စစ်သင်္ဘောကို တိုက်ခိုက်ခဲ့တယ်ဆိုပြီး အီရန်ဘက်က ပြောဆိုမှုဟာ “လုံးဝလိမ်ညာမှု ဖြစ်တယ်လို့ အမေရိကန်စစ်တပ်က တုံ့ပြန်ပြောဆိုလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Evening News | 7 September 2026"
Related videos are temporarily unavailable.