Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 12 September 2026

Video information, playback and saved actions.
Khit Thit Morning News | 12 September 2026

Khit Thit Morning News | 12 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ပင်မစစ်ဘက်သုံး တံတားဦးလေတပ်စခန်းကို PDF က စက်တင်ဘာ ၁၀ ရက်မှာ ဒရုန်းစစ်ဆင်ရေးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

- အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ကမ္ဘောဒီးယားနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ်အပေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး မင်းအောင်လှိုင်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရကို တရားဝင်အဖြစ် အသိအမှတ်ပြုသလိုမျိုး မလုပ်ဖို့ ကမ္ဘောဒီးယားအစိုးရကို တောင်းဆိုထားပါတယ်။

- ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်လမ်းဆုံနဲ့ ရန်ကင်းဘုရားအနီးမှာ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်နဲ့ ပျူစောထီးတွေက ပရဟိတလူနာတင်ယာဉ်တွေ အသုံးပြုပြီး လူငယ်တွေနဲ့ အလုပ်သမားတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

- ဟူသီသူပုန်တပ်ဖွဲ့က ယီမင်နိုင်ငံ မိုချာမြို့ကို သိမ်းပိုက်လိုက်ပြီး ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေးနဲ့ အရေးကြီးကုန်သွယ်ရေးလမ်းကြောင်းတွေအပေါ် သက်ရောက်နိုင်တဲ့သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ် Close description
      
Videos related to "Khit Thit Morning News | 12 September 2026"