Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

khit Thit Afternoon News | 29 September 2026

Video information, playback and saved actions.
khit Thit Afternoon News | 29 September 2026

khit Thit Afternoon News | 29 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အိန္ဒိယဈေးအနီးနဲ့ ကစ္ဆပနဒီတံတားအနီးကို စစ်ကောင်စီက ဂျက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၄၉ ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးပြီး ၅၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် အဆိုပါ တိုက်ခိုက်မှုမှာ တာဝန်ရှိသူတွေနဲ့ ပတ်သက် သူတွေကို တူညီပြီး ထိုက်တန်တဲ့ တုံ့ပြန်မှုတွေ မနှေးမကြာ ပြုလုပ်သွားမယ်လို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တရားဝင် ထုတ်ပြန်ကြေညာပါတယ်။

- မိုးမိတ်မြို့အနီးရှိ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံကို ပြောကြားပါတယ်။

- ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ဂုံညင်းတန်းလမ်းဆုံ စစ်အုပ်စု ဂိတ်စခန်းကို PDF တပ်က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

- ရုရှားနိုင်ငံအတွင်းမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၈,၀၀၀ ကျော် ရှိနေပြီး နောက်ထပ် တပ်ဖွဲ့ဝင် ၁၀,၀၀၀ စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ တနင်္လာနေ့မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီက ပြောတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "khit Thit Afternoon News | 29 September 2026"
Related videos are temporarily unavailable.