Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Evening News | 19 September 2026

Video information, playback and saved actions.
Khit Thit Evening News | 19 September 2026

Khit Thit Evening News | 19 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ကမ္ဘောဇဘဏ်ပိုင်ရှင် အောင်ကိုဝင်းနဲ့ နေအိမ်ပိုင်ဆိုင်မှု ပြဿနာတက်နေတဲ့ စစ်တပ်က ကစထမှူး ၃ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ဟာ မူလ ရာထူးကနေဖယ်ရှားခံရပြီး စစ်တပ်အရန်အင်အားကို အပို့ခံလိုက်ရတယ်လို့ စစ်တပ်သတင်းရင်းမြစ်ကို ကိုးကားပြီး CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။

- ကြံ့ဖွတ်ပါတီကို မင်းအောင်လှိုင်လူယုံတွေက လွှဲပြောင်းယူမယ်လို့ သတင်းတွေ ထွက်နေချိန် ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီက ပါတီ ယိုင်နဲ့အားပျော့သွားစေမယ့် လုပ်ရပ်တွေ မတွေး၊ မပြော၊ မလုပ်ကြဖို့ ထုတ်ပြောလာပါတယ်။

-ချင်းပြည်နယ်တောင်ပိုင်းကို ထိုးစစ်ဆင်တဲ့အခါတိုင်းအထိနာပြီး ပြန်ပြန်ဆုတ်ပြေးခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ မကွေးမြို့ကနေ တဆင့် ဆောမြို့နယ်၊ လောင်းရှည်မြို့ကို ယာဉ်အစီးရေ ၁၈၀ ကျော်နဲ့ အင်အားဖြည့်တင်းဖို့ ချီတက်လာနေပြန်ပြီး ၊ ချင်းတောင်ပိုင်းကို ဦးတည်ဖို့ လုပ်နေပြန်တယ်လို့ မကွေးတိုင်း ပကဖ နဲ့ ယောဒေသ သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်

- အမေရိကန်သမ္မတ ထရန့်အနေနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့တဲ့အချိန် တရုတ်ဂြိုဟ်တု ဓာတ်ပုံအချက်အလက်တွေကို အီရန်က အသုံးပြုပြီး အမေရိကန် တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့မှုကိစ္စ ရှီကျင့်ဖျင်ကို ဖိအားပေး ဆွေးနွေးဖို့ အမေရိကန် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်က တောင်းဆိုလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။


Sent 1m ago
Compose
Write to Win Htut Win Close description
      
Videos related to "Khit Thit Evening News | 19 September 2026"
Related videos are temporarily unavailable.