Khit Thit Afternoon News | 3 October 2026
Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားငွေ ချွေတာရေး စီမံချက်အရ သွင်းကုန်လိုင်စင် တင်းကျပ် ထားမှုတွေ ၊ မကြာခဏ ပြောင်းလဲနေတဲ့ မူဝါဒတွေနဲ့ အခွန်အခ တိုးမြှင့်ကောက်ခံမှုတွေကြောင့် မြန်မာ နိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍ တစ်ခုလုံးဟာ သမိုင်းတစ်လျှောက် အခက်ခဲဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်နေ ရပြီး လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါးဖြစ်နေကာ ဆောက် လုပ်ရေး လုပ်သား သန်းနဲ့ချီ အလုပ်လက်မဲ့ဖြစ် လာနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်တွေ၊ လမ်းဆုံ ကားဂိတ်တွေ နဲ့ လက်ဖက်ရည်ဆိုင်တွေကို စစ်ကောင်စီတပ်က အိမ်စီးကားတွေနဲ့ ဝင်ရောက်ကာ ၁ ရက်အတွင်း လူငယ် ၂၀ ထက်မနည်းကို ရိုက်နှက်ဖမ်းဆီးသွားပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်လည်ရွေးခိုင်းနေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းရှိ အဝေးပြေးလမ်းမကြီးတွေမှာ ပြည်သူ့အသံနဲ့ ပြည်သူ့သဘောထားကို ဦးစားပေးရပ်တည်ပေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံပါ မြေစိုက်ဘုတ် (Billboard) တွေကို ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ပြီး စိုက်ထူလှုပ်ရှားခဲ့ကြပါတယ်။
- ထရမ့်က အီရန် အလျှော့ပေးဖို့ အဆင်သင့်ဖြစ်နေပြလို့ ပြောပြီးမြန်မြန် အဆုံးသတ်ပစ်မယ်လို့ ပြောကာ အရှေ့အလယ်ပိုင်း အမေရိကန်စစ်တပ်အင်အား ၉ ထောင် ပို့လိုက်တဲ့ သတင်းပါအဝင် နေ့လယ်ခင်း သတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description