Khit Thit Evening News | 6 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ တောရဘုန်းကြီးကျောင်းတွေ၊ စာသင်တိုက်တွေနဲ့ တရားရိပ်သာတွေမှာ စစ်မှုထမ်းတိမ်းရှောင်ဖို့ ရည်ရွယ်ပြီး ရဟန်းလာဝတ်သူတွေ မရှိစေရေးအတွက် ဒုလ္လဘရဟန်းဝတ်လိုသူတွေကို စိစစ်လက်ခံပြီး သက်ဆိုင်ရာ မြို့နယ်သံဃာ့နာယကအဖွဲ့နဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို အကြောင်းကြားရန် ညွှန်ကြားထားတယ်လို့ အဆိုပါဒေသက ကျောင်းထိုင်သံဃာတော်တွေဆီက သိရပါတယ်။
-မြန်မာနိုင်ငံမှာ ကျောက်ကပ်ဝေဒနာရှင်တွေရဲ့ ရောဂါစစ်ဆေးကုသရေးအတွက် လိုအပ်တဲ့ ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ ပြတ်လပ်နေတာကြောင့် လူနာတွေအနေနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လနဲ့ချီပြီး စောင့်ဆိုင်းနေရပြီး ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ ကုန်ကျစရိတ် တွေလည်း မြင့်တက်လာတယ်လို့ လူနာတွေနဲ့ ဆေးဝါးလုပ်ငန်းဆိုင်ရာ အသိုင်းအဝိုင်းဆီက သိရပါတယ်။
- မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူတွေရဲ့ ငွေကြေးတွေကို လိမ်လည်ခဲ့တဲ့ ဒေါက်တာညီညီဆွေရဲ့ ငွေလိမ်လုပ်ငန်းမှာ အဓိကစည်းရုံးရေး တာဝန်ယူခဲ့တဲ့ Leader တွေဖြစ်တဲ့ မင်းအောင်၊ မိုးဇော်ဝင်း-ခင်ဆွေဝင်း၊ သီသီ-အိမြတ်၊ မင်းစိုးသိန်းနဲ့ ဒေါ်လေးနွယ်တို့ အရေးယူမခံရဘဲ ငွေထုပ်ပိုက် လွတ်မြောက်နေကြတယ်လို့ ငွေကြေးနစ်နာသူတွေက ပြောကြပါတယ်။
- အမေရိကန်သမ္မတ Trump က အီရန်ရဲ့ နျူကလီးယားလုပ်ငန်းနဲ့ ဆက်နွှယ်နေတယ်လို့ သံသယရှိတဲ့ ပစ်ခ်-အက်စ် Pickaxe Mountain မြေအောက်စခန်းကို မကြာခင် တိုက်ခိုက်နိုင်တယ်လို့ ထပ်မံခြိမ်းခြောက်ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description