Skip to content
Y
yTube.SITE v7.3.0
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 2 October 2026

Video information, playback and saved actions.
Khit Thit Morning News |  2 October 2026

Khit Thit Morning News | 2 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီက အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အဖြစ် ပြောင်းရွှေ့ ဖွင့် လှစ်လိုက်တာဟာ နေပြည်တော်ကို အဓိက ကာကွယ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

- မြန်မာနိုင်ငံအတွင်း “မြန်မာစကား မပြောရ၊ မြန်မာစာ မရေးရ” ဆိုတဲ့ သတ်မှတ်ချက်တွေ လုပ်ထားတဲ့ တရုတ်တွေကို တွေ့ရင် ဥပဒေအရ ဖြေရှင်းမှာမဟုတ်ဘဲ ကိုယ်တိုင်ဝင်ရောက် ရိုက်နှက် ဆုံးမမယ်လို့ မဘသနဲ့ အမျိုးသားရေးအစွန်းရောက် ပေါက်ဘုန်းကြီးက လူမှုကွန်ရက်ကနေတစ်ဆင့် ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

-အကြမ်းဖက် မင်းအောင်လှိုင်က စစ်ဆေးရေးဂိတ်တွေမှာ ပြည်သူတွေဆီက ငွေကြေးမတောင်းခံဖို့ ညွှန်ကြားထားပေမယ့် နိုင်ငံတစ်ဝန်းက စစ်ဆေးရေးဂိတ်တွေမှာ စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာ ဝန်ထမ်း တွေက ကုန်သည်တွေနဲ့ ပြည်သူတွေဆီက ငွေကြေးတောင်းခံတာတွေ ဆက်လက်လုပ်ဆောင် နေတယ်လို့ သိရပါတယ်။

- အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ပတ်သက်ပြီး မကြာခင် ဆုံးဖြတ်ချက်တစ်ခု ချရတော့ မှာဖြစ်ပြီး အီရန်ကို ဗုံးကြဲမလား၊ ဒါမှမဟုတ် သဘောတူညီချက်လုပ်မလားဆိုတာ ဆုံးဖြတ်ရတော့ မယ်လို့ ထရမ့်က ပြောတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ် Close description
      
Videos related to "Khit Thit Morning News | 2 October 2026"
Related videos are temporarily unavailable.