Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Evening News | 16 September 2026

Video information, playback and saved actions.
Khit Thit Evening News | 16 September 2026

Khit Thit Evening News | 16 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်တပ်က လ၀က ဌာနကို နိုင်ငံသားစိစစ်ရေးကတ်ပြားအတုတွေ ထုတ်ခိုင်းပြီး လူငယ်တွေကို စစ်မှုထမ်းသင်တန်းပို့တဲ့ ကိစ္စတွေမှာ လ၀က အရာရှိတွေ ပါဝင်တာမျိုး မလုပ်ဖို့ အမိန့်ညွှန်ကြားချက်တစ်ရပ် လျှို့ဝှက် ထုတ်ပြန်လာသလို ၊ တစ်ဖက်က လဝက ဌာနကလည်း စစ်တပ်ကအမိန့်ပေးသလို နိုင်ငံသားစီစစ်ရေးအတုတွေ ထုတ်ပေးတာမျိုးမလုပ်ဖို့ ဌာနတွင်းပြန်လည် ညွန်ကြားထားတယ်လို့ သိရပါတယ်။

- ကချင်ပြည်နယ် ၊ ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို တက်လာတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ စစ်သင်္ဘော ၃ စီးကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာပဲ အနီးကပ် တိုက် ခိုက်မှု အတွင်း စစ်သဘော် ၁ စီး ထပ်မံ နစ်မြုပ်သွားပြန်တဲ့အပြင်၂ စီးက ပြန်လှည့်သွားပြီး ၊ ဗန်းမော်ကနေ ဆင်းလာတဲ့ စစ် သင်္ဘော ၇ စီးလည်း တိုက်ခိုက်ခံရပြီး တချို့သင်္ဘောတွေ နစ်မြုပ်သွားတယ်လို့ KIA ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။

-မြန်မာပြည်သူကို ကိုယ်စားပြုနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းနေရာကို အဆုံးအဖြတ်ပေးမည့် ကုလသမဂ္ဂအရည်အချင်း စိစစ်ရေးကော်မတီမှာ တရုတ်နဲ့ ရုရှားနိုင်ငံတို့ပါဝင်နေပေမယ့် အများသဘောတူ ဆုံးဖြတ်ဖို့ လိုအပ်တယ်လို့ မြန်မာ့အရေးအထူးအကြံပေးကောင်စီ SAC-M က ပြောလာပါတယ်။

- အရှေ့အလယ်ပိုင်းစစ်ပွဲမှာ အီရန်ရဲ့မဟာမိတ် ဟူသီသူပုန် တပ်ဖွဲ့က ပင်လယ်နီဝင်ပေါက် ဘတ်အယ်လ်မန်ဒက် ရေလက်ကြား ကို ပိတ်ဆို့လိုက်ရင် “ကမ္ဘာတစ်ဝန်းလုံးအတွက် ဆိုးရွားတဲ့အကျိုးဆက် ဖြစ်လာနိုင်တယ်” လို့ ကာတာနိုင်ငံက သတိပေးလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Evening News | 16 September 2026"