Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Evening News | 6 October 2026

Video information, playback and saved actions.
Khit Thit Evening News | 6 October 2026

Khit Thit Evening News | 6 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ထိုင်း၊ စင်ကာပူ၊ မလေးရှား အပါအဝင် နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက နိုင်ငံကိုအခွန် ဆောင်မှုနဲ့ ပြန်လွှဲငွေ အလွန်နည်းပါးနေတဲ့အတွက် အခွန်ငွေပိုရရေးနဲ့ နိုင်ငံအတွက် အကျိုးရှိရေး လုပ်မယ်ဆိုပြီး စစ်တပ်ခန့် အလုပ်သမားဝန်ကြီးအသစ် မင်းကင်းမောင်မြင့် က ကြုံးဝါးလာပြန်ပါတယ်။

- အာဆီယံလွှတ်တော်အမတ်များအဖွဲ့-APHR က အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်ပြီး မြန်မာစစ်တပ်ကို ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် တရားဝင် အသိအမှတ်ပြုတဲ့ လုပ်ရပ်ပုံစံမျိုး မလုပ်မိဖို့အပြင် ၊ မြန်မာဒုက္ခသည်တွေရဲ့ လုံခြုံရေးကို အလဲအလှယ်မလုပ်ဖို့ကိုပါ မလေးရှားအစိုးရကို တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

- မလေးရှားနိုင်ငံကနေ အခုနှစ်အတွင်း ပြန်ပို့ခဲ့တဲ့ မြန်မာနိုင်ငံသား အယောက် ၁၀,၀၀၀ ကျော်မှာ ရိုဟင်ဂျာတွေ မပါဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါကက ပြောလာပြိး ဒါပေမယ့် မြန်မာစစ်ကောင်စီနဲ့ ပြန်ပို့ရေးသဘောတူညီချက်ထဲမှာ ရိုဟင်ဂျာတွေကိုပါ ပြန်ပို့ရေး အကျုံးဝင်တယ်လို့ ပြောလာပါတယ်။

- အရှေ့အလယ်ပိုင်းက စစ်ပွဲတွေမှာ ယီမင်အစိုးရတပ်တွေက အီရန်ကျောက်ထောက်နောက်ခံပြု ဟူသီ တပ်ဖွဲ့တွေကို ဘတ်အယ်လ်မန်ဒက်ရေလက်ကြားကနေ မောင်းထုတ်ပြီး အဲ့ဒီဒေသကို ပြန်လည်သိမ်း ပိုက်လိုက်ပြီလို့ ယီမင်အစိုးရက ပြောလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Evening News | 6 October 2026"
Related videos are temporarily unavailable.