khit Thit Morning News | 21 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားသို့ တရားဝင်ခရီးစဉ်လာရောက်ရန် ဖိတ်ခေါ်ပြီး ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်လက်ခံရေး ဆွေးနွေးရန် စီစဉ်နေတဲ့အပေါ် ထိုင်းနိုင်ငံရေးသမားဟောင်း ကန်နာဝီ ဆွမ်ဆန်းက စက်တင်ဘာ ၁၉ ရက်မှာ လူမှုကွန်ရက်တဆင့် သတိပေးဝေဖန်လိုက်ပါတယ်။
- ရခိုင်ပြည်နယ် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်က အရာရှိတွေဟာ လက်အောက်ငယ်သားတွေကို အသေခံတိုက်ခိုင်းထားပေမယ့် ကိုယ်တိုင်ကတော့ ထွက်ပြေး နေကြ တယ်လို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရတဲ့ တပ်သား အောင်ပြည့်စုံက ထွက်ဆိုထားပါတယ်။
-ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကြံခင်းလမ်းရှိ အမှတ် ၁ BGF ဂိတ်ဝင်းအတွင်း BGF ဗိုလ်မှူး မုတ်သုန် ဖွင့်လှစ် ထားတဲ့ “ဟိန်းစိန် ၄” ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းရုံက တရုတ်နိုင်ငံသားတွေနဲ့ လုပ်ငန်းသုံး ပစ္စည်းတွေကို သတင်းပေါက်ကြားမှုကြောင့် မြို့ပြင် မဲကနယ်ဘက်ကို ညအချိန် အလုံးအရင်းနဲ့ ပြောင်းရွှေ့ နေပြီး နယ်မြေခံ အကြမ်းဖက်စစ်တပ်ကလည်း လုံခြုံရေးယူပေးနေတယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်
- ကနေဒါနဲ့ အမေရိကန်ကြား ကုန်သွယ်ရေးတင်းမာမှုတွေ မြင့်တက်လာချိန်မှာ ဥရောပသမဂ္ဂ (EU) က ကနေဒါကို ပူးပေါင်းဆက်ဆံရေးပုံစံမျိုးနဲ့ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ နည်းပညာ၊ စွမ်းအင်နဲ့ သုတေသနကဏ္ဍတွေမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆက်ဆံဖို့ အဆိုပြုလာတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description