Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 8 October 2026

Video information, playback and saved actions.
Khit Thit Morning News | 8 October 2026

Khit Thit Morning News | 8 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မင်းအောင်လှိုင်ကို မလေးရှားလွှတ်တော်အမတ်တချို့နဲ့ မလေးရှား လူ့အခွင့်အရေးအဖွဲ့တွေ ဦးဆောင်ပြီး အောက်တိုဘာ ၈ ရက်မှာ ဆန္ဒပြကြမယ်လို့ Myanmar Affairs Alliance (MAA) တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

- ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၈ ရက်မှာ ဂျက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ပြီးနောက် အာရက္ခတပ်တော် (AA) က စစ်တွေ၊ ကျောက်ဖြူဒေသတွေမှာ ခုခံစစ်ကနေ ထိုးစစ်အဆင့်ကို ပြောင်းပြီး စစ်ဆင်ရေးအရှိန်မြှင့် လာတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

-ကရင်နီနဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကနေ နန်းမယ်ခုံမြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီ တပ် စစ်ကြောင်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးပြီး လေကြောင်းပစ်ကူယူကာ ပြန်ဆုတ်သွား တယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- ယီမင်နိုင်ငံက ဟူသီအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်က King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Morning News | 8 October 2026"
Related videos are temporarily unavailable.