Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Evening News | 3 October 2026

Video information, playback and saved actions.
Khit Thit Evening News | 3 October 2026

Khit Thit Evening News | 3 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မန္တလေးမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ လိုင်စင်ရုပ်သိမ်း ချိတ်ပိတ်ခံထားရတဲ့ ဟိုင်းခန်း KTV ကြီးတွေကို စစ်ကောင်စီက ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားပြီး ၊ ပိုင်ရှင်တွေက တရုတ်အများစုဖြစ်နေသလို စစ်တပ်၊ရဲနဲ့ ထွေ/အုပ်တွေကို ငွေပေးပြီး ပြန်ဖွင့်ထားတယ်လို့ မန္တလေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

အကြမ်းဖက် စစ်တပ်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာရှိတဲ့ အရပ်သားတွေနေထိုင်ရာမြို့ပေါ်နဲ့ ကျေးရွာ‌တွေဘက်ကို လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်သွားမှုကြောင့် ၉ တန်းကျောင်းသူ အပါအဝင် ပြည်သူ ၂ ဦးထပ်မံ သေဆုံးပြီး အများအပြား ဒဏ်ရာရထားတယ်လို့ ရခိုင်ဒေသ သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

- အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကနေ ပြည်သူတွေ ရှောင်ရှားနိုင်အောင် လေယာဉ် လာရာ လမ်းကြောင်းတွေ၊ လေယာဉ်ရောက်ရှိရာ နေရာတွေကို အသိပေးမယ့် ပြည်သူ့ရေ ဒါပရောဂျက်ကို မြို့နယ် ၅၀ အတွက် လုပ်ဆောင်သွားဖို့ရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလာပါတယ်။

- အရှေ့အလယ်ပိုင်းက ပင်လယ်နီ ရေလမ်းကြောင်း ပိတ်ဆို့ခံရမှုကို အဆုံးသတ်ဖို့ အီရန်ကျောက် ထောက်နောက်ခံပြု ဟူသီတပ်ဖွဲ့တွေကို ဆော်ဒီအာရေဗျက ထိုးစစ်ဆင်ဖို့ စီစဉ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Evening News | 3 October 2026"
Related videos are temporarily unavailable.