Khit Thit Morning News | 5 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လာမယ့် စက်တင်ဘာလ ၁၇ ရက်က နေ ၁၉ ရက်အထိ ကျင်းပမယ့် ပါတီညီလာခံမှာ လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ CEC ကို ဖျက်သိမ်း ပြီး အဖွဲ့သစ် ပြန်လည်ရွေးချယ်ဖွဲ့စည်းသွားမှာဖြစ်ပြီး မင်းအောင်လှိုင်လူယုံ အောင်လင်းဒွေးနဲ့ အဖွဲ့ အဓိက နေရာယူနိုင်တယ်လို့ ပါတီသတင်းရင်းမြစ်တွေက ပြောပါတယ်။
-နေပြည်တော်က အမှတ် ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေးတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးအောင်မင်းက တပ်မိသားစုဝင်တစ်ဦးရဲ့သားကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်မှုထမ်း အဖြစ် ထည့်သွင်းခဲ့တယ်လို့ မိခင်ဖြစ်သူ ဒေါ်ခင်ဌေးမြင့်က လူမှုကွန်ရက်ကနေ ငိုယိုပြီး အကူအညီ တောင်းခံ ပြောဆိုထားပါတယ်။
-မကွေးတိုင်း၊ ချောက်မြို့မှာ စက်တင်ဘာလ ၃ ရက်နေ့က QR Code စနစ်နဲ့ စက်သုံးဆီဝယ်ယူဖို့ ဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းနေတဲ့ ပြည်သူတွေကို ပျူစောထီးအဖွဲ့ဝင်တွေက စစ်ဆေးခဲ့ပြီး မိုဘိုင်းဖုန်း အလုံး ၄၀ ကျော်ကို သိမ်းဆည်းခဲ့သလို လူငယ်တချို့ကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
- အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းမလျှော့ပေးရင် အမေရိကန်နဲ့ ကုန်သွယ်ရာမှာ ပိုငွေရနေတဲ့ နိုင်ငံတွေနဲ့ ကုန်သွယ်မှုကို ရပ်ပစ်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်း သတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description