Khit Thit Evening News | 9 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုကို ပိုမိုထိန်းချုပ်စောင့်ကြည့်မည့် National Digital ID စနစ် တည်ဆောက်ရေးကို အရှိန်မြှင့်လာပြီး ဒစ်ဂျစ်တယ်မှတ်ပုံတင် e-ID ကတ် ၁ သိန်းကျော် ထုတ်ပေးမယ့် ရှေ့ပြေးစမ်းသပ်စီမံကိန်း အတွက်ကို တင်ဒါခေါ်ယူနေပြန်တယ်လို့ သိရပါတယ်။
- ရန်ကုန်မြို့မှာ လူဆိုး၊ လူမိုက်၊ သူခိုးတွေက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီး ဖမ်းဆီးပြီး စစ်မှုထမ်းလူစားထိုးရောင်းစားတာတွေ အမှန်တကယ်ဖြစ်နေတယ်လို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းဇော် ဆိုသူကိုယ်တိုင် ပြောဆိုလာပြီး လူငယ်တွေအနေနဲ့ အဲ့ဒီလို ဖမ်းဆီးခံရင် ငြိမ်ခံမနေပဲ ပြန်လည်ခုခံကြဖို့ကိုပါ သူကပြောဆိုထားပါတယ်။
- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ဝေဒီ ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ များထား တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အရှေ့အလယ်ပိုင်းစစ်ပွဲမှာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေကို အီရန်နိုင်ငံခြားရေးဝန်ကြီး က ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာပဲ လှောင်ပြောင်ပြောဆိုလာပြန်တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description