Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

khit Thit Afternoon News | 25 September 2026

Video information, playback and saved actions.
khit Thit Afternoon News | 25 September 2026

khit Thit Afternoon News | 25 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-တီမော နိုင်ငံ သမ္မတက ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာ လက်ရှိ မြန်မာနိုင်ငံအရေးကို နိုင်ငံတကာက မေ့လျော့မထားဘဲ အာရုံစိုက်ကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို သတိပေးပြောဆိုသွားပါတယ်။

- တော်လှန်ရေးတပ်တွေဆီမှာ အရှင်ဖမ်းဆီးခံထားရတဲ့ စစ်တပ်ဘက်က မြစ်ခြေနယ်မြေ ရဲစခန်းမှူး ရဲအုပ် သန့်ဇင်က စစ်တပ်စစ်ကြောင်းတွေ ကျေးရွာတွေအတွင်း ဝင်တဲ့အချိန် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်တာဟာ အမှန်တကယ်ဖြစ်တယ်လို့ ဝန်ခံထွက်ဆိုလာပါတယ်။

- စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ်မှာ အရပ်သားတွေ နေထိုင်ရာ ကုက္ကိုလ်ကုန်းကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်သွားမှုကြောင့် ပြည်သူ ၂ ဦး သေဆုံးထားပြန်တဲ့အပြင် နောက်ထပ် အရပ်သား ၈ ဦးလည်း ဒဏ်ရာတွေရထားတယ်လို့ တောင်လှန်ရေးသတင်းရင်းမြစ်နဲ့ ကောလင်းခရိုင် အမှတ် ၁ တပ်ရင်းဆီကနေ သိရပါတယ်။

- ဥရောပနိုင်ငံတွေက ရုရှားရဲ့ ဖျက်ဆီးတိုက်ခိုက်မှုတွေ မြင့်တက်လာတာကို သတိပေးပေမယ့် နေတိုးအဖွဲ့ဝင်နိုင်ငံတွေကိုတော့ ရုရှားဘက်က တိုက်ရိုက်တိုက်ခိုက်လာနိုင်တဲ့အခြေနေမရှိသေးဘူးလို့ ဥရောပဝန်ကြီးတွေက ပြောလာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "khit Thit Afternoon News | 25 September 2026"
Related videos are temporarily unavailable.