Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Afternoon News | 14 September 2026

Video information, playback and saved actions.
Khit Thit Afternoon News | 14 September 2026

Khit Thit Afternoon News | 14 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- မြန်မာနိုင်ငံတစ်ဝန်း ကျေးရွာ၊ ရပ်ကွက်တစ်ခုစီမှာ လစဉ် အနည်းဆုံး လူငယ် ၂ ဦးကို စစ်မှုထမ်းဖို့ ရှာဖွေမပို့ဆောင်နိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးတွေကို အစားထိုးဖယ်ရှားဖို့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ညွှန်ကြားလာတယ်လို့ ရန်ကုန်တိုင်း အတွင်းက မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်မှာ ၁၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်ကျော်စိုးက စစ်မှုထမ်းကြေးပေးသူတွေကိုပါ ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ဘက်ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ အာရက္ခ တပ်တော် (AA) ရဲ့ ကြားဖြတ် တိုက်ခိုက်မှုကြောင့် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

- အီရန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကြား အိုမန်နိုင်ငံမှာ ဟော်မုဇ်ရေလက်ကြားအရေး ဆွေးနွေးဖို့ တွေ့ဆုံမယ့်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့အနေနဲ့ ဂရုမစိုက်ဘူးလို့ ပြောလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Afternoon News | 14 September 2026"