Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Evening News | 22 September 2026

Video information, playback and saved actions.
Khit Thit Evening News | 22 September 2026

Khit Thit Evening News | 22 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကြံ့ဖွတ်ပါတီ ပြိုကွဲရင် တိုင်းပြည်ပျက်မယ်ဆိုပြီး ကြံဖွတ် ဘူးလက်လှဆွေက ပြောဆိုလာပြန်သလို ၊ NLD ပါတီကို ပြည်ဖျက်ပါတီဆိုပြီးတော့ပါပြောဆိုသွားပြန်ပါတယ်။

- တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် မင်းသမီး Shin Ye-eun က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို လာရောက်ပြီး မြန်မာဒုက္ခသည်ကလေးတွေကို တွေ့ဆုံ ကူညီထောက်ပံ့ရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

- ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၀၆ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ကျော်မိုး နဲ့ လူမိုက်အဖွဲ့တွေဟာ ရပ်ကွက်အတွင်း ရမ်းကားနေပြီး လူငယ်မှန်သမျှ အမျိုးသမီး၊ အမျိုးသားမခွဲခြားဘဲ ဖမ်းဆီးရိုက်နှက်ငွေညှစ်တာတွေအထိ လုပ်လာသလို ၊ လူငယ်အမျိုးသားတွေကိုလည်း အတင်းအကျပ် ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းပို့ဆောင်တာတွေ လုပ်နေတယ်လို့ ရပ်ကွက်နေပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။

-ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ်မှာ ကျောင်းသား ၂ ဦးကို ဓားနဲ့ထိုးတဲ့ ဆယ်ကျော်သက် လူငယ်အုပ်စုကို ဖမ်းဆီးရမိထားပြီး ၊ သူတို့ဟာ တယ်လီဂရမ်ကနေ နောက်ပြောင်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဖုန်းဆက်ချိန်းပြီးမှ ဓါးနဲ့ထိုးလိုက်တာဖြစ်တဲ့အကြောင်း ရဲသတင်းရင်းမြစ်ကပြောပါတယ်။

- အမေရိကန်အစိုးရက အီရန်လေကြောင်းလိုင်းတွေအနေနဲ့ ကမ္ဘာတစ်ဝန်း ပျံသန်းခွင့်ရပ်တန့် သွားနိုင်တယ်လို့ ခြိမ်းခြောက် ပြောဆိုလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Evening News | 22 September 2026"
Related videos are temporarily unavailable.