Khit Thit Afternoon News | 7 October 2026
Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ ကျားဖြန့် လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ ဝေမိသားစုဟာ လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ လက်နက်ကိုင်အင်အား အသုံးပြုပြီး ကျားဖြန့်စခန်းတွေကို ထိန်းချုပ်ခဲ့တဲ့ ဖြစ်စဉ်တွေအပါအဝင် မြန်မာစစ်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးနဲ့ စစ်ရေးအာဏာ တည်ဆောက် ခဲ့ပုံတွေကို တရုတ်အစိုးရပိုင် CCTV နဲ့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်လုပ်တဲ့ “The Demise of Myanmar-Based Telecom Fraud” မှတ်တမ်းရုပ်ရှင်မှာ ဖော်ပြထားပါတယ်။
-96 Soldiers – PDF တပ်ဖွဲ့အနေနဲ့ ဧရာဝတီတိုင်း စစ်မျက်နှာမှာ မဟာမိတ်တွေနဲ့ လက်တွဲပြီး အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ချေမှုန်းကာ အောင်ပွဲများ ရယူနေတယ်လို့ တပ်ဖွဲ့ ဖွဲ့စည်းခြင်း (၅) နှစ်ပြည့်နှစ်ပတ်လည် ထုတ်ပြန်ချက်အဖြစ် ဒီနေ့မှာ ဖော်ပြထားပါတယ်။
- မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းက စစ်ဘေးရှောင် အမျိုးသမီးငယ်တွေကို ဖမ်းဆီးပြီး ညအချိန်မှာ အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တယ်လို့ နွားထိုးကြီး PDF ထံက သိရပါတယ်။
- ဆော်ဒီအာရေဗျနိုင်ငံမှာ ယီမင်နိုင်ငံက ဟူသီသူပုန်တွေနဲ့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာချိန် အတွင်း နိုင်ငံတောင်ပိုင်းက လေဆိပ် ၂ ခု တိုက်ခိုက်ခံခဲ့ရပြီး လူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description