Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 7 October 2026

Video information, playback and saved actions.
Khit Thit Morning News | 7 October 2026

Khit Thit Morning News | 7 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက်စစ်တပ်ရဲ့ တပ်ချုပ်သစ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တာဝန်ယူလာတာ ၆ လပြည့်လာပြီ ဖြစ်ပေမယ့် ဗိုလ်ချုပ်မှူးကြီးအဆင့်အထိ ရာထူးတိုးမပေးသေးတဲ့အပြင် တပ်ရင်း၊ တပ်ဖွဲ့နဲ့ ဌာနချုပ် တွေမှာ တပ်ချုပ်သစ် ရဲဝင်းဦးရဲ့ ဓာတ်ပုံကို တရားဝင် ချိတ်ဆွဲခွင့်မပြုသေးဘူးလို့ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

-မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်နဲ့ ပူးပေါင်း အဖွဲ့တွေက ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ လူငယ်တွေရဲ့ မိသားစုတွေဆီကနေ စစ်မှုထမ်း ကြေးဆိုပြီး ငွေကျပ်သိန်းဆယ်ချီ တောင်းခံနေပြီး ငွေမပေးရင် သတ်မယ်၊ အိမ်မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

-မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်အင်အားကြီးမိသားစုကြီး ၄ စုကို ကျားဖြန့်လုပ်ငန်း တွေ ရပ်တန့်ဖို့ တရုတ်အာဏာပိုင်တွေက ၃ ကြိမ်အထိ ဆွေးနွေးဖျောင်းဖျခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ CCTV တို့ ပူးတွဲထုတ်လုပ်တဲ့ အပိုင်း ၃ ပိုင်းပါ မှတ်တမ်း ရုပ်ရှင်မှာ ဖော်ပြထားပါတယ်။

-ရုရှားနိုင်ငံ အာဏာပိုင်တွေက ဆိုက်ဘေးရီးယားဒေသ၊ အီရတ်ကွတ်စ်မြို့မှာ ပလိပ်ရောဂါဆိုင်ရာ သုတေသနဌာနက ဝန်ထမ်းတစ်ဦး သေဆုံးပြီးနောက် ပလိပ်ရောဂါကာကွယ်ရေး အထူးအစီအမံတွေ လုပ်ထားတယ်ဆိုတဲ့ သတင်းတွေကို အောက်တိုဘာ ၆ ရက်မှာ ငြင်းဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Morning News | 7 October 2026"
Related videos are temporarily unavailable.