Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Evening News | 17 September 2026

Video information, playback and saved actions.
Khit Thit Evening News | 17 September 2026

Khit Thit Evening News | 17 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- အမေရိကန်သမ္မတထရမ့်က မြန်မာနိုင်ငံကို မူးယစ်ဆေးဝါးထုတ်လုပ် ဖြန့်ဖြူး သယ်ဆောင်နေတဲ့ အဓိက နိုင်ငံအဖြစ် သတ်မှတ်လိုက်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို “ထင်ရှားစွာ ပျက်ကွက်”တဲ့ အမည်ပျက်နိုင်ငံစာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

- ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ထိုင်းကုန်ပစ္စည်းတွေကို တင်သွင်းခွင့်ပိတ်ပြီး မြန်မာ စစ်တပ်နဲ့ ရဲတွေက ထိုင်းကုန်ပစ္စည်းတွေကို ဖမ်းဆီးဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောဆိုထားသလို ၊ ထိုင်းသတင်းတွေမှာလည်း ဖော်ပြလာပါတယ်။

- ကျိုင်းတုံမြို့ ၊နောင်ဖာ စစ်တပ်ဂိတ်က ပြည်သူများကို ဆဲဆိုနှောင့်ယှက်နေပြီး ၊အရေးပေါ်လူနာကို သွားရောက်ကူညီမယ့် “နှလုံးလှ” လူမှုကူညီရေးအသင်းဝင်တွေကိုလည်း စစ်သားတွေက စော်ကား ခြိမ်းခြောက်ပြီး ဂိတ်ကိုဖြတ်ခွင့်မပေးပဲ ပြန်လှည့်ခိုင်းခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ထုတ်ဖော်ပြောဆိုလာပါတယ်။

- အမေရိကန်အနေနဲ့ အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်မှုကို ရပ်တန့်ပြီး အရှေ့အလယ်ပိုင်းဒေသကနေ ထွက်ခွာသွားမယ်ဆိုရင် ကမ္ဘာတစ်ဝန်း စွမ်းအင်အကျပ်အတည်း ဖြစ်ပေါ်လာနိုင်တယ်လို့ အမေရိကန်ဒု သမ္မတ ဂျေဒီ ဗန့်စ် က ပြောလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Evening News | 17 September 2026"
Related videos are temporarily unavailable.