khit Thit Morning News | 26 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်က ပြည်ပရောက်ရှိနေတဲ့ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားတွေကို စစ်မှုထမ်းမဲနှိုက်သူတွေရဲ့ စာရင်းမှာ ထည့်သွင်းခိုင်းထားပြီး မဲပေါက်ပါက မြန်မာနိုင်ငံပြန်လာပြီး စစ်မှုထမ်းဆောင်ခိုင်းရေး လုပ်ဆောင်ရန် ညွှန်ကြားလာကြောင်း ရန်ကုန်တိုင်းက မြို့နယ်စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့လယ်ခေါင်ရှိ ရွှေမိုးရတနာရွှေဆိုင် ဓားပြတိုက်ခံရပြီး တရားခံမမိသေးချိန်မှာပင် ယနေ့ ဒုတိယမြောက်ရွှေဆိုင်အဖြစ် ရတီမှန် ရွှေဆိုင် ဓားပြတိုက်ခံရတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြား ကလေးငယ်တွေ ပညာသင်ကြားနိုင် ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က “လုံခြုံသောကျောင်း၊ လုံခြုံသောပညာရေး” စနစ်ကို အကောင်အထည်ဖော်နေတယ်လို့ NUG ပညာရေးဝန်ကြီး ဂျာထွယ်ပန်က AsiaNews နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောပါတယ်။
-အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမယ့် ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်မှာ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့ရှိ Trump National Doral မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ G20 ထိပ်သီးစည်းဝေးပွဲကို ရုရှားသမ္မတ ဗလာဒီမာ ပူတင် တက်ရောက်ဖို့ စက်တင်ဘာ ၂၃ ရက်က တရားဝင် ဖိတ်ကြားလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description