Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 5 October 2026

Video information, playback and saved actions.
Khit Thit Morning News | 5 October 2026

Khit Thit Morning News | 5 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက်မင်းအောင်လှိုင် မလေးရှားနိုင်ငံကို လာရောက်မယ့်ခရီးစဉ်အတွင်း မလေးရှားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အောက်တိုဘာ ၇ ရက်နေ့မှာ တစ်ရက်တာ အလုပ်ရပ်နားပြီး သပိတ်မှောက် ဆန္ဒပြကြဖို့ မြန်မာ့ရေးရာမဟာမိတ်အဖွဲ့ -MAA က တိုက်တွန်းလိုက်ပါတယ်။

- မလေးရှားနိုင်ငံကနေ မြန်မာရေတပ်သင်္ဘော ၃ စင်းနဲ့ ပြန်လည်ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးဟာ ဒီနေ့ အောက်တိုဘာ ၄ ရက် မနက် ၅ နာရီခွဲလောက်မှာ သီလဝါဆိပ်ကမ်းကို ရောက်ရှိ လာပေမယ့် အခုအချိန်အထိ မိသားစုတွေနဲ့ တွေ့ခွင့်မရသေးတာကြောင့် လာရောက် စောင့်ဆိုင်းနေတဲ့ မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။

-ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဧရာဝတီတံတား(စင်းခန်း)အနီးမှာ KIA ရဲ့ တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်သင်္ဘောတစ်စင်းဆီကနေ ၁၂၂ မမ အမြောက်တစ်လက်ကို ဆယ်ယူရရှိထားတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်

- အမေရိကန်ပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ခဲ့တဲ့ အီရန်ကိုယ်စားလှယ်အဖွဲ့ဝင် ၂ ဦးဟာ အမေရိကန်နိုင်ငံကနေ ထွက်ခွာဖို့ အမိန့်ပေးထားပေမယ့် ဆက်လက်နေထိုင်နေတဲ့အတွက် အမေရိကန်က နိုင်ငံကနေ နှင်ထုတ်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Morning News | 5 October 2026"
Related videos are temporarily unavailable.