Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 16 September 2026

Video information, playback and saved actions.
Khit Thit Morning News | 16 September 2026

Khit Thit Morning News | 16 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-နွေဦးတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ SCEF တော်လှန်ရေးတပ်ပေါင်းစုရဲ့ ခေါင်းဆောင်မှုနောက်ကို ပြည်သူတစ်ရပ်လုံးအနေနဲ့ ယုံကြည်စွာ လိုက်ပါကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

- ထိုင်းနိုင်ငံက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တိုက်ရိုက်ဆက်ဆံပြီး မြန်မာနိုင်ငံကို အာဆီယံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံလာစေရန် ကြိုးပမ်းနေသော်လည်း အာဆီယံရဲ့ မြန်မာ့အရေး ရပ်တည်ချက်ကို ပြောင်းလဲနိုင်တဲ့အထိ အောင်မြင်မှု မရသေးဘူးလို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

-မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခံရခြင်းမရှိတဲ့အတွက် ပါတီနဲ့ အဆက်အသွယ် ဖြတ်ထားတဲ့ အောင်ကြည်သိန်းကို မွန်ပြည်နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားပြီး လက်ရှိ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သက်ထွေးကို ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်တယ်လို့ ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောပါတယ်။

- NATO စစ်ရေးကော်မတီ ဥက္ကဋ္ဌဟောင်း ရေတပ်ဗိုလ်ချုပ်ကြီး Rob Bauer က ဥရောပနိုင်ငံတွေဟာ ရုရှားနဲ့ တိုက်ရိုက်စစ်ပွဲ ဖြစ်လာနိုင်တဲ့ အခြေအနေအတွက် အရေးပေါ် ပြင်ဆင်ထားသင့်တယ်လို့ သတိပေးပြောဆိုလိုက်တဲ့ သတင်းအပါအဝင် ရန်ကုန်ခေတ်သစ်ရဲ့ မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Morning News | 16 September 2026"
Related videos are temporarily unavailable.