Khit Thit Morning News | 8 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်မှုထမ်းဟောင်းအိမ်ရာ တိုးချဲ့ဆောက်လုပ်ရေးနဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်တပ်အရိုးဆေးရုံ တိုးချဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် တင်ဒါတွေကို မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံကိုပဲ တပ်ချုပ်သစ် ရဲဝင်းဦးက ဆက်လက်ချထားပေးထားတယ်လို့ အဆိုပါတင်ဒါလုပ်ငန်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြော ပါတယ်။
-အမျိုးသားညီညွတ်ရေးအစိုးရ NUG က တော်လှန်ရေး ၅ နှစ်တာကာလအတွင်း အသက်၊ ခန္ဓာနဲ့ ကိုယ်ကျိုးစီးပွားတွေကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်တွေကို ရဲဝံ့စွာ ထမ်းဆောင်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေကို စုစုပေါင်း ၁,၇၉၂ ဦးအား ချီးမြှင့်ခဲ့ပါတယ်။
-ပဲခူးတိုင်း၊ ပေါင်းတည်မြို့ ဟင်္သာကန်ရပ်ကွက်မှာ နေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဘိုတူး ခေါ် ကိုကျော်အောင်ဇော်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီး သွားတယ်လို့ ကိုဘိုတူးရဲ့ မိတ်ဆွေတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
- ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ နှစ်နိုင်ငံနယ်စပ်ကို ဖြတ်သန်းဆက်သွယ်ထားတဲ့ ပထမဆုံး ကားလမ်းတံတားကို စက်တင်ဘာလ ၇ ရက်နေ့မှာ တရားဝင်ဖွင့်လှစ်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description