Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

khit Thit Morning News | 22 September 2026

Video information, playback and saved actions.
khit Thit Morning News | 22 September 2026

khit Thit Morning News | 22 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကြက်ဥဈေးနှုန်းနှင့် ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းသည် ထုတ်လုပ်မှုနှင့် ဝယ်လိုအား မမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်ခြင်းတို့ကြောင့်ဖြစ်ပြီး ကြက်ဥဈေးနှုန်းကြီးမြင့်ခြင်းမှာ “ဘာမှမဆန်းဘူး” ဟု မင်းအောင်လှိုင်က ပြောဆိုပါတယ်။

မြန်မာစစ်တပ်က ထိုင်းနိုင်ငံက အေးခဲအစားအစာတွေအပါအဝင် စားသောက်ကုန်တွေ၊ ကုန်ပစ္စည်းတွေကို တင်သွင်းခွင့်ကို ပိတ်ပင်လိုက်တာကြောင့် ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ မယ်ဆိုင်-တာချီလိတ် နယ်စပ်ကုန် သွယ်ရေးနဲ့ ယာဉ်အသွားအလာတွေ အကြီးအကျယ် အခက်အခဲဖြစ်ပေါ်ခဲ့ပြီး တာချီလိတ် မြို့မှာ ကြက်ဥဈေးနှုန်းက တစ်လုံးလျှင် မြန်မာကျပ်ငွေ ၂၀၀၀ ဝန်းကျင်အထိ မြင့်တက်လာတယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ ဒေသပြည်သူတွေဆီက သိရပါတယ်။

- မန္တလေးမြို့က ဗန်းမော်မြို့ဘက်ကို ရိက္ခာ၊ လက်နက်ခဲယမ်းတွေနဲ့ စစ်အင်အားတွေ ပို့ဆောင်ဖို့ ဩဂုတ်လနှောင်းပိုင်းမှာ ထွက်ခွာသွားတဲ့ စစ်သင်္ဘောအုပ်စုက အချို့ဟာ စက်တင်ဘာလ ၂၁ ရက်နေ့မှာ မန္တလေးမြို့ကို ပြန်လည်ရောက်ရှိလာပြီး စစ်သားလူနာ ၃၀၀ ကျော်ကို သယ်ဆောင်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

-အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်နေပြီး မမျှော်လင့်ထားတဲ့ အခြေအနေတွေ ရုတ်တရက်ဖြစ်ပေါ်လာနိုင်တာကြောင့် ဒေသအတွင်းရှိ အမေရိကန်သံရုံးတွေက အမေရိကန်နိုင်ငံသားတွေအတွက် လုံခြုံရေးသတိပေးချက်တွေကို တနင်္ဂနွေနေ့ မနက်အစောပိုင်း ဒေသစံတော်ချိန်မှာ ထုတ်ပြန်ခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "khit Thit Morning News | 22 September 2026"
Related videos are temporarily unavailable.