Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Afternoon News | 10 October 2026

Video information, playback and saved actions.
Khit Thit Afternoon News | 10 October 2026

Khit Thit Afternoon News | 10 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- အကြမ်းဖက်မင်းအောင်လှိုင် လက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနဲ့ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာအေးထွန်းတို့ကို ပြည်တွင်းကို ပြည်ပကနေ ဆေးဝါးနဲ့ ဆေးပစ္စည်း တင်သွင်းခွင့် ထောက်ခံချက်တစ်စောင်လျှင် ငွေကျပ်သိန်း ၅၀၀ အထိ လာဘ်ငွေတောင်းခံခဲ့တဲ့ အဂတိလိုက်စားမှုတွေနဲ့ ဆက်စပ်ပြီး ရာထူးက အနားပေးလိုက်တယ်လို့ သိရပါတယ်။

- ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒေသခံတိုင်းရင်းသားတွေရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကို ဖယ်ရှားပြီး တရုတ်ဘာသာစကားနဲ့ တရုတ်ပုံစံ အုပ်ချုပ်ရေးစနစ်တွေ အစားထိုးကျင့်သုံးနေတယ်ဆိုပြီး MNDAA ကို ရှမ်းအဖွဲ့အစည်း ၈ ဖွဲ့က အိတ်ဖွင့်စာ ပေးပို့ခဲ့ပါတယ်။

- နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ပြီး "လက်ရှိအာဏာသိမ်းစစ်အစိုးရကို တရားဝင်မှု မပေးကြဖို့" တိုက်တွန်းခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

- အီရန်နိုင်ငံရဲ့ ရေနံတင်ပို့မှုကွန်ရက်ကို ဖြိုခွင်းပြီး စစ်ပွဲဆက်လက်ဆင်နွှဲဖို့ လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ဖြတ်တောက်နိုင်ရေးအတွက် အမေရိကန်အစိုးရက အီရန်ရဲ့ “နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကို ရှောင်ရှားဖို့ အသုံးပြုတဲ့ ရေနံတင်သင်္ဘောအုပ်စု” ကွန်ရက်ကို ပစ်မှတ်ထားပြီး သင်္ဘော ၁၇ စင်းနဲ့ အဲဒီသင်္ဘောတွေကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်း သတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Afternoon News | 10 October 2026"
Related videos are temporarily unavailable.