Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 20 September 2026

Video information, playback and saved actions.
Khit Thit Morning News | 20 September 2026

Khit Thit Morning News | 20 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- အကြမ်းဖက် မင်းအောင်လှိုင်က သူ့လက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို ရာထူးကနေဖယ်ရှားပြီး စစ်တပ်ရဲ့ စာရင်း စစ်ဆေးရေးအရာရှိချုပ်ပြောင်းလဲ ခန့်အပ်လိုက်သလို ၊ နောက်ထပ် စစ်တပ်ရဲ့ လက်ရုံးတပ်မှူး ဗိုလ်ချုပ်တချို့လည်း အရန်အင်အားကို ပို့ဆောင်ခံလိုက်ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အုပ်ချုပ်ရေးမှူး မြင့်စိုးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းလူစားထိုးအရောင်းအဝယ်တွေ အကြီးအကျယ်လုပ်နေတယ်လို့ ဒေသခံတွေနဲ့ လှိုင်မြို့နယ် အမှတ် ၁၅ ရပ်ကွက်နေ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောလာကြပါတယ်။

- မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာရှိတဲ့ ရေနံချပ်ကျေးရွာ အပါအဝင် ရေနံမှော်တွေကို အကြမ်းဖက် စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ဖို့ဆိုပြီး ထိုးစစ်ဆင်နေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေကြတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- အမေရိကန်က အီရန်နဲ့ စစ်ပွဲအတွင်း လက်နက်သိုလှောင်မှုတွေ သိသိသာသာ လျော့နည်းလာ တာကြောင့် အဓိက စစ်လက်နက်တွေကို မဟာမိတ်နိုင်ငံတွေဆီ ပို့ဆောင်ပေးရာမှာ အများဆုံး ၅ နှစ်အထိ နောက်ကျနိုင်တယ်လို့ သတိပေးထားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Morning News | 20 September 2026"
Related videos are temporarily unavailable.