Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Afternoon News | 2 October 2026

Video information, playback and saved actions.
Khit Thit Afternoon News |  2 October 2026

Khit Thit Afternoon News | 2 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- အာရက္ခတပ်တော်-AA ရဲ့ ထိုးစစ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF နဲ့ ချင်းတော်လှန်ရေး တပ်တွေကိုပါ တန်ပြန်ထိန်းချုပ်နိုင်ရေးအတွက်ဆိုပြီး မင်းအောင်လှိုင်ရဲ့ ညွန်ကြားချက်နဲ့ အကြမ်း ဖက်စစ်တပ်က တိုင်းစစ်ဌာနချုပ်အသစ်တစ်ခု ဖွင့်လှစ်ဖို့ စီစဉ်နေပြန်တယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ် နဲ့ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်ကို ပြောပြထားပါတယ်။

- အကြမ်းဖက် စစ်တပ်က အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေရာမှာ နောက်ထပ် ပေါက်တော၊ ရသေ့တောင်၊ သံတွဲ၊ ကျောက်တော်မြို့နယ်တွေကိုလည်း လေကြောင်းကနေ ဆက်တိုက်ဗုံးကျဲသွားရာမှာ ပြည်သူ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရထားပြန်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

- အကြမ်းဖက်စစ်တပ်အတွက် ဝင်ငွေရနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကို ပိတ်ဆို့ဖို့ ကနေဒါအစိုးရကို နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်း ၉၂ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

- အမေရိကန်သမ္မတ ထရမ့်က အီရန်နဲ့ ဘယ်တော့မှ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ မထင်တော့ဘူးဆိုပြီး ပြောဆိုလာပြန်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Afternoon News | 2 October 2026"
Related videos are temporarily unavailable.