Skip to content
Y
yTube.SITE v7.8.3
media / worlds / tools / internet oddities
YouTube / video information

Khit Thit Evening News | 24 October 2026

Video information, playback and saved actions.

Khit Thit Evening News | 24 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့်သတင်းတွေကတော့

- အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ချောင်ထိုးခြင်းခံနေရတဲ့ ဒုတပ်ချုပ်ဟောင်း စိုးဝင်း ဟာ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ရာထူး တာဝန်ထမ်းဆောင်နေပေမယ့် ရုံးပုံမှန် မတက်တော့ဘဲ တရားထိုင် ဥပုပ်စောင့် ရဟန်းဝတ်တာအပါအဝင် ဘာသာရေးအလုပ်တွေသာ ဦးစားပေး လုပ်တော့တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။

- မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေးအကြပ်အတည်းနဲ့ မတည်ငြိမ်မှုတွေ ကြောင့် နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ဆက်တိုက်ထွက်ခွာနေတဲ့အချိန် အခုတကြိမ်မှာလည်း ကမ္ဘာ့ထိပ်သီး စာရင်းစစ်နဲ့ စီးပွားရေးအကြံပေး လုပ်ငန်းကွန်ရက်ကြီးဖြစ်တဲ့ PwC ဟာ မြန်မာပြည်က လုပ်ငန်းတွေကို လုံးဝ ရပ်ဆိုင်းပြီး ထွက်ခွာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

- မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ မတရားဖမ်းဆီးမှု ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ပုံမှန် ဆက်သွယ်ခွင့်နဲ့၊ ဆေးကုသခွင့်အာမခံချက် မရသေးပဲ ပြင်ပကမ္ဘာနဲ့ပါ အဆက်အသွယ်ဖြတ်ခံထားရဆဲ ဖြစ်တဲ့အတွက် သူမ လွတ်မြောက်ရေး အတွက် ဆက်လက် တောင်းဆိုပေးကြဖို့ သားဖြစ်သူက ပန်ကြားလာပါတယ်။

- ရုရှားက ယူကရိန်းကို Cluster Bomb တွေအသုံးပြုတိုက်ခိုက်နေတဲ့အချိန် ယူကရိန်းကလည်း ရှေ့တန်းစစ်မျက်နှာမှာ နယ်မြေတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လာပြီး ရှေ့တန်းစစ်မျက်နာကို ပိုမိုခိုင်မာအောင် စုစည်းနေတယ်လို့ ယူကရိန်းဘက်က ပြောလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Evening News | 24 October 2026"

Related videos are temporarily unavailable.

Try again, or come back later.