Khit Thit Afternoon News | 7 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံခရီးစဉ်အတွင်း စစ်တပ်လက်အောက်ခံ ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC ကို ကိုယ်စားပြုတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဗိုလ်ချုပ်တွေကိုလည်း ခေါ်ဆောင်သွားခဲ့ပြီး ဗီယက်နမ်နဲ့ ပူးပေါင်းလုပ်ကိုင်နိုင်မယ့် စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေခဲ့တယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
- လေကြောင်းရန်ကာကွယ်ရေးတပ်က ဗိုလ်မှူးအောင်မင်းက သားဖြစ်သူကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ လူမှုကွန်ရက်ကနေတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဒေါ်ခင်ဌေးမြင့်ကို ဗိုလ်မှူးအောင်မင်းကပဲ ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေါ်ခင်ဌေးမြင့်ရဲ့ မိတ်ဆွေတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်စီးထိမှန်ပြီး စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က ထုတ်ပြန်ပါတယ်။
- အမေရိကန်နဲ့ အီရန်ကြား စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေချိန်မှာပဲ အီရန်နဲ့ နျူကလီးယားဆိုင်ရာ သဘောတူညီချက်ရရှိရေးအတွက် အမေရိကန်ဘက်က အမြဲတမ်း တံခါးဖွင့်ထားတယ်လို့ အမေရိကန် စွမ်းအင်ဝန်ကြီး Chris Wright က ပြောလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description